Tuesday, October 16, 2007

ကိုယ့်ကိုယ်ကို သစ္စာရှိပါ


Personality အကောင်းဆုံးလူတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုယ့်မှာရှိသမျှ ဖြစ်နိုင်တဲ့အခြေအနေ ဖြစ်နိုင်တဲ့ အလားအလာရှိသမျှကို အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပါပဲ။
Personality ဆိုတာထဲမှာ ဖီးလိမ်းပုံ၊ ပြင်ဆင်ပုံ၊ ရုပ်ရည်ရူပကာယလည်း ပါသလို၊ ဆံပင်အနေအထား၊ အင်္ကျီအ၀တ်အစားလည်း ပါတယ်နော်။ ပြောပုံဆိုပုံ၊ ၀တ်ပုံစားပုံ၊ လုပ်ပုံကိုင်ပုံ ဒါတွေလည်းပါတယ်။ ဒါတင်မကသေးဘူး၊ စိတ်နေသဘောထားနဲ့အသိဥာဏ်၊ လူအများနဲ့ ဆက်ဆံရေးဆိုတာတွေလည်း ပါတယ်နော်။ Personalityဆိုတာ လူတစ်ယောက်မှာ ဖြစ်နိုင်သမျှ အကုန်လုံး အကောင်းဆုံးဖြစ်အောင် လုပ်တာလို့ အဓိပ္ပါယ် ကောက်ထားပြီးပြီ ဆိုတော့ ဘာမှမကျန်တော့ဘူး။
ဒါကြောင့် ပေါ့ပေါ့တန်တန် မနေဘဲနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်နေအောင် ကြိုးစားရမယ်။ ရုပ်ရည်လည်းသန့်သန့်ပြန့်ပြန့်၊ အ၀တ်အစားလည်း သန့်သန့်ရှင်းရှင်း၊ စိတ်ကလည်း သန့်သန့်ပြန့်ပြန့်လေး သန့်သန့်ရှင်းရှင်းလေး ကြည်ကြည်လင်လင်လေးဖြစ်နေအောင် အမြဲတမ်းကြိုးစားရမယ်။

The development of personality means fidelity to the law of one's being.

ကိုယ့်ရဲ့ Personality တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန် ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပါပဲ။

ဆရာတော် ဦးဇောတိကစာအုပ်ထဲက ကြိုက်လို့ သူငယ်ချင်းများကို တင်ပြထားတာပါ။

2 comments:

Soe Moe (သမိုင်း) said...

ကျေးဇူးတင်တယ်ဗျာ...လုပ်ကြည်မယ်..
အကျင့်လုပ်ပေးရင်ရကိုရမှာပါ...

Soe Moe (သမိုင်း) said...

ကျေးဇူးတင်တယ်ဗျာ...လုပ်ကြည်မယ်..
အကျင့်လုပ်ပေးရင်ရကိုရမှာပါ...