Sunday, August 5, 2007

အဝေးကချစ်သူ


ပင်လယ်ကြီးမှ မဟုတ်ပါဘူး...
ကော်ဖီခွက်မှာလည်း လှိုင်းရှိပါတယ်.....
အမြင့်မှာမှ မဟုတ်ပါဘူး
အမြင့်နှစ်ခုကြားမှာလည်း လေတိုက်တာပါပဲ.....
စိမ်းသွားတယ်လို့ မယူဆပါဘူး...
အပြာနဲ့အ၀ါရဲ့တိုက်ဆိုင်မှုလို့ မှတ်ယူပါ့မယ်.....
ပိုင်ဆိုင်ရမှ မဟုတ်ပါဘူး...
မြိုသိပ်ထားရတာလည်း ခံယူတတ်ရင်လှတာပါပဲ.....
ဒါကြောင့်မို့
တံခါးပေါက်တွေလည်း ဖွင့်ထားပါတယ်.....
ငှက်ကလေးရေ မြင့်မြင့်ပျံပါ.....
အိပ်မက်တွေကိုလည်း မျိုချလိုက်ပါပြီ.....
လှိုင်းလိုခုန်တဲ့ရင်ကိုလည်း
လိုက်ကာလို ဆွဲသိမ်းလိုက်ပါပြီ.....
ချစ်ခွင့်ရမှ မဟုတ်ပါဘူး...
အဝေးကလရောင်ကလည်း ကမ္ဘာမြေအထိ အေးပါလိမ့်မယ်......

ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း အေးငြိမ်းအောင်ရေးတာပါ။

1 comment:

Anonymous said...

i love this poem. it is really good mate. i think that girl she love someone like that poem. she describes very beautiful. her love is very pure.